လာအိုကို ကူညီရန် ဒသမအသုတ် တရုတ်တပ်ဖွဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ အဖွဲ့သည် ဗီယင်ကျန်းသို့ ရောက်ရှိ

(GMT+08:00)2023-12-10 17:16:51  

  လာအိုပြည်သူ့တပ်မတော်အား ကူညီရန် ဒသမအသုတ် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့သည် ဒီဇင်ဘာလ ၈ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်သို့ ရောက်ရှိပြီး ၆ လကြာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းကို စတင်ခဲ့ပါသည်။

    လာအိုပြည်သူ့တပ်မတော် အထွေထွေထောက်ပံ့ရေးဌာန ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မဒမ် Vanpheng Phuangsawaddy က ကြိုဆိုပွဲအခမ်းအနား တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်သည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့များ ကို ရှေ့ဆင့်နောက်ဆင့် စေလွှတ်ပြီး လာအိုနိုင်ငံအတွက် ခေတ်မီသော ဆေးဘက်ဆိုင်ရာ စက်ကိရိယာများနှင့် နည်းပညာ ဆိုင်ရာ အကူအညီများ ဆောင်ကျဉ်းပေးလာသဖြင့် လာအိုပြည်သူ့တပ်မတော် အမှတ်၁၀၃ ဆေးရုံ၏ ကုသမှုနည်းပညာနှင့် အဆင့်အတန်းကို များစွာမြှင့်တင်ကြောင်း၊ လာအို-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရန်၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေး တိုးပွားရန် အကျိုးပြုစွမ်းဆောင်လျက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။