အစ္စရေးစစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ဂါဇာအလယ်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် ၂၄ နာရီအတွင်း သေဆုံးသူ ၇၁ ဦး လက်ခံခဲ့ရသည်ဟု ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-12-10 17:12:52  

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်သောသတင်းအရ အစ္စရေးစစ်တပ်က ဂါဇာဒေသကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဂါဇာဒေသအလယ်ပိုင်းရှိ Al-Aqsa အာဇာနည်ဆေးရုံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၇၁ ဦးနှင့် ဒဏ်ရာရရှိသူ အဦး ၁၆၀ ကို လက်ခံခဲ့ရကြောင်း သိရပါသည်။