တရုတ် ကျွမ်းဘားဆပ်ကပ်ဖျော်ဖြေပွဲ " အံ့ဖွယ်ည"ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပ

(GMT+08:00)2023-12-10 17:15:02  

ဒီဇင်ဘာလ ၈ ရက်နေ့ညက  ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ပြင်သစ် Phoenix Circus တို့မှ ပူးပေါင်းကျင်းပသည့် တရုတ်ကျွမ်းဘားဆပ်ကပ်ဖျော်ဖြေပွဲ "အံ့ဖွယ်ည" ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်ပြည် Dalian ကျွမ်းဘားဆပ်ကပ်အဖွဲ့၏ အံ့သြဖွယ်ကောင်းသော တင်ဆက်ဖျော်ဖြေမှုများကို ပရိသတ်တို့ နှစ်သက်သဘောကျပြီး နွေးထွေးသည့် လက်ခုပ်သံများ ရှည်လျားစွာထွက်ပေါ်လာခဲ့သည်ဟု သတင်းအရသိရပါ သည်။