ပြည်တွင်းပြည်ပပုဂ္ဂိုလ်များမှ လှူဒါန်းသော နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ဆက်စပ်သည့် သမိုင်းကြောင်းအချက်အလက်များကို ထုတ်ဖော်ပြသ

(GMT+08:00)2023-12-09 12:32:28  

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရသူများ အတွက် ၁၀ကြိမ်မြောက် အမျိုးသားအောက်မေ့ဖွယ်နေ့ ကျရောက်လာသည့် အခါသမယတွင် ဂျပန်ကျူးကျော်စစ်သားများက နန်ကျင်းမြို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သေဆုံးသူများ အထိမ်းအမှတ်ခန်းမ၌ ၂၀၂၃ခုနှစ်မှာ အသစ်ရရှိသော သမိုင်းကြောင်း အချက်အလက်များနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ဆက်စပ်သည့် သမိုင်းကြောင်း အချက်အလက်များကို ထုတ်ဖော်ပြသခဲ့သည်။ လက်ရှိအချိန်အထိ ဂျပန်ကျူးကျော်စစ်သားများက နန်ကျင်းမြို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သေဆုံးသူများ အထိမ်းအမှတ်ခန်းမတွင် ၂၀၂၃ခုနှစ်၌ အသစ်ရရှိသော သမိုင်းကြောင်းအချက်အလက်ပေါင်း ၁၁၀၃ခုရှိပါသည်။