ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးလှည့်လည်မည်

(GMT+08:00)2023-12-09 12:57:08  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ Vo Van Thang တို့၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်များနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံမှုဖွံ့ဖြိုးရေးတွင် ပဲ့ကိုင် ထိန်းကျောင်းရန်၊ နှစ်နိုင်ငံဆက်ဆံမှု အဆင့်ကဏ္ဍသစ် ဖွင့်လှစ်ရန်၊ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်ဖွံ့ဖြိုးဖို့ တွန်အားပေရန်နှင့် ကမ္ဘာကြီးသို့ ပိုမိုများပြားသော သေချာမှုနှင့် တည်ငြိမ်မှုကို ထည့်သွင်းရန် မျှော်လင့်ပါကြောင်း၊ ဤခရီးစဉ် အောင်မြင်ပြီး ရလဒ်များရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ကြသည်ဟု သတင်းအရ သိရပါသည်။