တရုတ်-လာအို ရထားလမ်း တရားဝင်လည်ပတ်ခြင်း ၂ နှစ်ပြည့်မြောက်

(GMT+08:00)2023-12-09 12:56:50  

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-လာအို ရထားလမ်း တရားဝင် လည်ပတ်ခြင်း ၂ နှစ် ပြည့်မြောက်ခဲ့ပါသည်။ ယခုလ ၃ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်း တရုတ်ပိုင်းတွင် ခရီးသည် ၂၀.၄၆ သန်း အပါအဝင် စုစုပေါင်းခရီးသည် ၂၄.၂ သန်းကျော်ကို သယ်ဆောင်ခဲ့ပြီး၊ နယ်စပ်ဖြတ်ကျော် ကုန်စည် တန်ချိန် ၆ သန်းကျော် အပါအဝင် ကုန်စည် စုစုပေါင်း တန်ချိန် ၂၉.၁ သန်းကျော်ကို  ပို့ဆောင်ကာ ၊ ကုန်စည် ပို့ဆောင်မှုတွင် လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာစသည့် “Belt and Road” အတူတည်ဆောက်ရေး နိုင်ငံ ၁၂ နိုင်ငံတို့ ပါဝင်ကြသည်ဟု သတင်းအရသိရပါသည်။