ကန်သည် ကန့်ကွက်မဲ ပေးခြင်းကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပါလက်စတိုင်း- အစ္စရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အတည်မပြုနိုင်

(GMT+08:00)2023-12-09 12:33:14  

 ဒီဇင်ဘာလ ၈ရက်နေ့ ညနေပိုင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အာရပ်စော်ဘွားများနိုင်ငံမှတင်ပြသည့် ဂါဇာဒေသတွင်လူသားချင်းစာနာ ထောက်ထား မှု ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းအကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ် ခဲ့ရာ အတည်မပြုနိုင်ခဲ့ကြောင်း သိရပါသည်။
    ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ၁၅နိုင်ငံသည် ထောက်ခံမဲ ၁၃မဲ၊ ဗြိတိန် နိုင်ငံက ကြားနေမဲ ၁မဲ၊ အမေရိကန်နိုင်ငံက ကန့်ကွဲမဲ ၁မဲ ပေးခဲ့ပါသည်။ အမေရိကန်နိုင်ငံ သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး ဗီတိုအာဏာ သုံးထား သဖြင့် ၄င်းဆုံးဖြတ်ချက်မူကြမ်းကို အတည်မပြုနိုင်ခဲ့ပါ။ ၈ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေးအခြေအနေဆိုင်ရာ Open Debate တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ဒုတိယအမြဲတမ်းကိုယ်စားလှယ် Robert Wood က အမေရိကန်နိုင်ငံသည် လက်ရှိ အပစ်အခတ်ရပ်စဲရေးကို မထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိပါသည်။