အစ္စရေးအစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦး၏ သားဖြစ်သူက စစ်ပွဲတွင် အသတ်ခံခဲ့ရပြီး ဝန်ကြီးချုပ် နယ်တန်ယာဟုသည် ဈာပနာပွဲသို့ တက်ရောက်

(GMT+08:00)2023-12-09 12:35:15  

    ဒေသစံတော်ချိန် ဒီဇင်ဘာလ ၇ ရက်နေ့က အစ္စရေးကက်ဘိနက်ဝန်ကြီး၊ နိုင်ငံတော်ကာကွယ်ရေး တပ်မတော်စစ်ဦးစီးချုပ်ဟောင်း ဂါဒီဇင်ကို( Gadi Eisenkot ) ၏ သားဖြစ်သူသည် ဂါဇာဒေသ မြောက်ပိုင်း တိုက်ပွဲများတွင် အသတ်ခံခဲ့ရကြောင်း၊ အသက် ၂၅ နှစ် အရွယ်ရှိသည့် Jalle Meir Eisenkot သည် အစ္စရေးကြည်းတပ်မှ တပ်သားတစ်ဦးဖြစ်ကြောင်း၊ ၎င်း၏ဈာပနာပွဲကို အစ္စရေးဝန်ကြီးချုပ် နယ်တန်ယာဟု တက်ရောက်ခဲ့ကြောင်း အစ္စရေးနိုင်ငံတော်ကာကွယ်ရေး တပ်မတော်မှ သတင်းအရ သိရပါသည်။