တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ဆွေးနွေးပွဲကျင်းပပြီး စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သော ယူဆချက်များနှင့် အကြံပြုချက်များကို တောင်းခံ

(GMT+08:00)2023-12-09 12:32:04  

    ဒီဇင်ဘာလ ၆ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ဆွေးနွေးပွဲကိုကျင်းပပြီး ယခုနှစ်၏ စီးပွားရေးအခြေအနေနှင့် လာမည့်နှစ်စီးပွားရေးလုပ်ငန်း နှင့် ပတ်သက်ပြီး ဒီမိုကရေစီပါတီများမှ ဗဟိုကော်မတီများ၊ တရုတ်ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းရှင်များသမဂ္ဂမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များ၏ ယူဆချက်များနှင့် အကြံပြုချက်များကို တောင်းခံခဲ့ပါသည်။ ယင်းဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ကြီးမှူးကျင်းပပြီး  အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။
    အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က လာမည့်နှစ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ဖွဲ့စည်းတည်ထောင်သည့် ၇၅နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး ၁၄ခုမြောက် ၅နှစ် စီမံကိန်းကို အကောင်အထည်ဖော်ရန် အဓိကကျသောနှစ်တစ်နှစ်လည်း ဖြစ်ကြောင်း၊ ခေတ်သစ် တရုတ်ထူးခြားချက်လက္ခဏာပါရှိသော ဆိုရှယ်လစ်ဝါဒအတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ်ထားပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံနှင့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး၏ စိတ်ဓာတ်များကို ဘက်စုံအကောင်အထည် ဖော်ကာ တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် အင်အားတောင့်တင်းသောနိုင်ငံ တည်ဆောက် ရေး၊ အမျိုးသား ပြန်လည်ရှင်သန်နိုးထရေး လုပ်ငန်းကြီးကို ဘက်စုံမြှင့်တင်ရမည် ဖြစ် ကြောင်း အလေးထားပြောကြားခဲ့ပါသည်။