အစ္စရေးတပ်ဖွဲ့က ဂါဇာတောင်ပိုင်း ရာဖာမြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

(GMT+08:00)2023-12-09 12:34:48  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့ မိုးလင်းခါနီးအချိန်တွင် အစ္စရေးတပ်ဖွဲ့က ဂါဇာဒေသ တောင်ပိုင်း ရာဖာမြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံ ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အစ္စရေးတပ်ဖွဲ့က ရာဖာမြို့ရှိ ကိုဝိတ်ဆေးရုံးအနီးတွင်လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး သေဆုံး၊ဒဏ်ရာရရှိသူဦးရေနှင့်ပတ်သက်၍ အသေးစိတ်ကို မသိရှိရသေးကြောင်း ပါလက်စတိုင်း Al-Quds သတင်းစာမှ သတင်းအရ သိရပါသည်။