အီးယူသည် တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှု ဖြတ်တောက်ရန် ဆန္ဒ မရှိဟု ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ ဆို

(GMT+08:00)2023-12-08 14:53:08  

ယခုလ ၇ ရက်နေ့ ညက ဥရောပကောင်စီဥက္ကဋ္ဌ Michel နှင့် ဥရောပ သမဂ္ဂ ကော်မရှင် ဥက္က ဋ္ဌ ဗွန်ဒါလီယန် တို့သည် တရုတ်နိုင်ငံဆိုင်ရာ အီးယူကိုယ်စားလှယ်အဖွဲ့၌ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။

ဗွန်ဒါလီယန်က ယခု အကြိမ် တရုတ်ပြည် ခရီးစဉ်သည် ယခုနှစ်တွင်  မိမိ၏ ဒုတိယအကြိမ် တရုတ်ပြည် ခရီးစဉ် ဖြစ်ပြီး တရုတ်- ဥရောပ ဆက်ဆံရေး၏အရေးပါမှုကို ပြသပါကြောင်း၊ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နှင့် ဥရောပတို့သည် နှစ်ဖက်ကုန်သွယ်ရေး ညီမျှမှုကို ထိန်းသိမ်းရန် သဘောတူညီခဲ့ကြပြီး အီးယူသည် တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှု ဖြတ်တောက်ရန် ဆန္ဒ မရှိကြောင်း ပြောကြားခဲ့သည်။