ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့ - ကျင်းဟွာဝက်ပေါင်ခြောက် အရေအတွက်ထောင်နဲ့ချီ အစီအရီချိတ်ဆွဲ နေလှန်းထား

(GMT+08:00)2023-12-08 14:59:04  

ဒီဇင်ဘာလ ၇ ရက်နေ့က ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့ရှိ ဝက်ပေါင်ခြောက် စားသောက်ကုန်ကုမ္ပဏီတစ်ခုရဲ့ နေလှန်းကွင်းမှာ ကျင်းဟွာဝက်ပေါင်ခြောက် အရေအတွက် ထောင်နဲ့ချီကို အစီအရီချိတ်ဆွဲကာ နေလှန်းထားပါတယ်။ ယခုအချိန်ဟာ ဝက်ပေါင်ခြောက် နေလှန်းရန် အကောင်းဆုံးအချိန်ကာလ ဖြစ်ပါတယ်။ ကျင်းဟွာဝက်ပေါင်ခြောက်ပြုလုပ်တဲ့ အတတ်ပညာကို လက်ဆင့်ကမ်းလာခဲ့တာ နှစ်တစ်ထောင်ကျော်ရှိပါပြီ။ ဒီဝက်ပေါင်ခြောက် တွေဟာ pipa တူရိယာနဲ့ ဆင်တူလှပြီး မွှေးကြိုင်လတ်ဆတ်တဲ့အတွက် ပြည်တွင်းပြည်ပမှ စားသုံးသူတွေက အလွန်နှစ်သက်ကြပါတယ်။