“ပိုမို သာယာလှပသော ကမ္ဘာကြီးအတွက် --လူ့အခွင့်အရေး ရှုထောင့်မှနေ ၁၀နှစ်တာ Belt and Road လက်တွဲ တည်ဆောက်ရေးကို လေ့လာကြည့်ရှုခြင်း” တတ်သိပညာရှင်များအဖွဲ့ အစီရင်ခံစာကို ထုတ်ပြန်

(GMT+08:00)2023-12-08 14:56:31  

တရုတ်နိုင်ငံ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့နှင့် ဆင်ဟွာ သတင်းဌာန နိုင်ငံတော် အဆင့်မြင့် တတ်သိပညာရှင်များအဖွဲ့တို့သည် ဒီဇင်ဘာလ ၇ ရက်နေ့က “ပိုမို သာယာလှပသော ကမ္ဘာကြီးအတွက် --လူ့အခွင့်အရေး ရှုထောင့်မှနေ ၁၀နှစ်တာ Belt and Road လက်တွဲ တည်ဆောက်ရေးကို လေ့လာကြည့်ရှုခြင်း” တတ်သိပညာရှင်များအဖွဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။

  ယင်းအစီရင်ခံစာတွင် Belt and Road လက်တွဲ တည်ဆောက်ရေး အဆိုပြုချက်သည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း သမိုင်း ခေတ်ရေစီးကြောင်းနှင့်လည်းကောင်း၊ နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းစနစ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ခေတ်လိုအပ်ချက်များနှင့် လည်းကောင်း၊ Belt and Road လက်တွဲ တည်ဆောက်ရေးနိုင်ငံများမှ ပြည်သူများ၏ ပိုမို သာယာလှပသော နေထိုင်မှုဘဝ ရရှိရန် မျှော်လင့်ချက်ဆန္ဒနှင့် လည်းကောင်း လိုက်လျောညီထွေ ဖြစ်ကြောင်း၊ ယင်းအဆိုပြုချက်သည် လက်တွဲ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆိုပြုချက် ဖြစ်ရုံသာမက လူ့အခွင့်အရေးကို တိုးမြှင့် အားမခံပေးရေးဆိုင်ရာ အဆိုပြုချက်လည်း ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဆင်ဟွာ သတင်းဌာန နိုင်ငံတော် အဆင့်မြင့် တတ်သိပညာရှင်များအဖွဲ့သည် တရုတ်နိုင်ငံ အဆင့်မြင့် တတ်သိပညာရှင်များအဖွဲ့အုပ်စုတွင် တစ်ခုတည်းသော မီဒီယာ တတ်သိပညာရှင်အဖွဲ့ ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။