ဘိုင်ဒင်၏ သားဖြစ်သူ ဟွန်တာဘိုင်ဒင်သည် ပြည်ထောင်စု အခွန်ဆိုင်ရာ ပြစ်မှု ၉မှုဖြင့် တရားစွဲဆိုခံရ

(GMT+08:00)2023-12-08 14:57:26  

ဒီဇင်ဘာလ ၇ရက်နေ့က ထုတ်ပြန်သည့် ပြည်ထောင်စု စွဲချက်တင်ချက်တစ်ရပ်တွင် အမေရိကန် သမ္မတ ဘိုင်ဒင်၏ သားဖြစ်သူ ဟွန်တာဘိုင်ဒင်အား ပြည်ထောင်စု အခွန်ဆိုင်ရာ ပြစ်မှု ၉မှုဖြင့် တရားစွဲဆိုခဲ့သည်ဟု အမေရိကန်နိုင်ငံ CBS အသံလွှင့်ဌာနမှ ထုတ်ပြန်သည့်သတင်းအရ သိရပါသည်။

အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ်၏ စွဲချက်တင်ချက်တွင် ဟွန်တာဘိုင်ဒင်သည် ၂၀၁၆ခုနှစ် မှ ၂၀၁၉ခုနှစ်ကြားတွင် ပါဝင်ခဲ့သည့် လေးနှစ်စီမံကိန်းတစ်ခုတွင် ပြည်ထောင်စု အခွန် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၄သိန်းကို ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ဖော်ပြခဲ့ ပါသည်။