ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး ကမ်းရိုးတန်းတွင် ငါးသေတ္တာငါး အသေကောင် အများအပြား တွေ့ရှိ

(GMT+08:00)2023-12-08 14:50:10  

ဂျပန်ရုပ်မြင်သံကြားဌာနမှ သတင်းအရ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး Hakodate ကမ်းခြေတွင် ငါးသေတ္တာငါး အများအပြား မျောလာခဲ့ကြောင်း သိရသည်။ အကြောင်းရင်းကို လောလောဆယ် မသိရသေးပါ။ ငါးသေတ္တာငါး အများအပြား ကမ်းသို့ မျောလာခြင်းကို ပထမဆုံးအကြိမ် တွေ့ဖူးသည်ဟု ဒေသခံတစ်ချို့က ပြောကြပြီး တစ်ချို့ကမူ ငါးများကို ကောက်ယူကာ စားသုံးမည်ဟု ပြောကြသည်။