စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးနှင့် အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရေးသည် တရုတ်နှင့် ဗီယက်နမ်တို့၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2023-12-08 14:55:24  

ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ကို ပြုလုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဗီယက်နမ်နိုင်ငံသို့ ခရီးလှည့်လည်မည့် အကြောင်းနှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဝမ်ဝင်ပင်က တရုတ်နှင့် ဗီယက်နမ်တို့သည် ဆိုရှယ်လစ် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ ယမန်နှစ် နှစ်ကုန်ပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အပြီးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင်အား တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ရန် ဖိတ်ကြားပြီး တရုတ်-ဗီယက်နမ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ရေးအတွက်  စီစဉ်ပေးကြကြောင်း၊ ယခုနှစ်တွင် နှစ်နိုင်ငံအကြား အဆင့်မြင့် ခေါင်းဆောင်များ အကြိမ်ကြိမ် အပြန်အလှန် ဆက်သွယ်ပြီး၊ အစိုးရဌာနများနှင့် ဒေသအသီးသီးတို့အကြား ကူးလူးဖလှယ်မှုများ ၊နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို  နက်ရှိုင်းလာကာ နှစ်နိုင်ငံပြည်သူများကို  လက်တွေ့ကျသော အကျိုးစီးပွားများ ဆောင်ကြဉ်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

  ယခုအကြိမ် ခရီးစဉ်အတွင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင် နှင့် သမ္မတ ဗိုဗန်သွန်းတို့နှင့် အသီးသီး တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဗီယက်နမ် ဝန်ကြီးချုပ် ၊ လွှတ်တော် ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တရုတ်-ဗီယက်နမ် ဆက်ဆံရေး မြှင့်တင်ရန် ဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းစွာ မြှင့်တင်နိုင်ရေး တွန်းအား ပေးသွားမည် ဖြစ်ကြောင်း ဝမ်ဝင်ပင်က ပြောကြားခဲ့သည်။