
နိုဝင်ဘာလ ၃၀ ရက်နေ့က ကိုလံဘီယာနိုင်ငံ San José del Guaviare မြို့ Chiribiquete အမျိုးသားဥယျာဉ်ရှိ ကျောက်ဆောင်နံရံပန်းချီများဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ဝင်ရောက်လာပါတယ်။ ဒီကျောက်ဆောင်နံရံပန်းချီတွေဟာ အလွန်ရှေးကျပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀၀ ကို ခြေရာခံနိုင်ပါတယ်။ ဒီကျောက်ဆောင်နံရံပန်းချီတွေကို ထိုဒေသမှာနေထိုင်တဲ့ ရှေးခေတ်ဌာနေ တိုင်းရင်းသား များက ဖန်တီးခဲ့တာဖြစ်ပါတယ်။








