တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံစလုံး အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် အစီအစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2023-12-08 14:54:14  

ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ကို ပြုလုပ်ခဲ့ပါသည်။ စင်ကာပူသည် တရုတ်နိုင်ငံနှင့် ရက်ပေါင်း ၃၀ ကြာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ‌ ဝမ်ဝင်ပင် က တရုတ်နှင့် စင်ကာပူ တို့အကြား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအား ဗီဇာကင်းလွတ်ခွင့် အပြန်အလှန်ပေးရန် နှစ်ဖက်တို့ သဘောတူညီမှု ရရှိခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံ အစိုးရဌာနများသည် အသေးစိတ် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးစွာ ဆက်သွယ်နေလျက် ရှိကြောင်း၊ တရုတ်နှင့် စင်ကာပူတို့အကြား ဘက်စုံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို အကောင်အထည် ဖော်ဆောင်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများအတွက် ကောင်းသော အရာပင်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အစီအစဉ်များကို အမြန်ဆုံး အကောင် အထည် ဖော်ဆောင်ရန် နှစ်ဖက်စလုံးက မျှော်လင့်နေကြကြောင်း ပြောကြားခဲ့ သည်။