ချန်တူးမြို့ - ကမ္ဘာ့ပထမဆုံး စူပါအထပ်မြင့် လူမဲ့ တွဲလောင်းအပင်စက်ရုံ

(GMT+08:00)2023-12-08 15:01:48  

ကမ္ဘာ့ပထမဆုံး စူပါအထပ်မြင့် လူမဲ့ တွဲလောင်း အပင်စက်ရုံကို မကြာသေးမီက စီချွမ်ပြည်နယ် ချန်တူးမြို့မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဒီအပင်စက်ရုံဟာ ၁၀ မီတာနီးပါး အမြင့်ရှိပြီး အပင်စိုက်ပျိုးထားတဲ့ အထပ် ၂၀ ရှိတဲ့အတွက် ကမ္ဘာ့အမြင့်ဆုံးဖြစ်ပါတယ်။ ဒေါင်လိုက် သုံးဖက်မြင်စိုက်ပျိုးမှုစနစ်၊ အာဟာရဓာတ် အလိုအလျောက် ထောက်ပံ့မှု စနစ်တွေကို အသုံးပြုထားတာကြောင့် ဒေါင်လိုက်နေရာမှာ တည်ငြိမ်စွာ ရှင်သန် နိုင်စေ ပါတယ်။ ယခုလိုလုပ်ဆောင်ခြင်းဖြင့် အနာဂတ် မြို့ကြီးပြကြီး စတဲ့နေရာတွေမှာ အစားအစာတွေကို အနီးကပ် ထောက်ပံ့ပေးနိုင်ရန်နဲ့ စိုက်ပျိုးမှု နေရာ တိုးချဲ့ နိုင်ရန်တို့ အတွက် သိသာထင်ရှားတဲ့ အားသာချက်များ ရှိနေပါတယ်။