ထူထောင်ကာစ ဂျပန်ကုမ္ပဏီမှ နွားချေးကို ဒုံးပျံအင်ဂျင်လောင်စာအဖြစ် စမ်းသပ်

(GMT+08:00)2023-12-08 15:02:30  

ဒီဇင်ဘာလ ၇ ရက်နေ့က ဂျပန်နိုင်ငံရှိ ထူထောင်ကာစကုမ္ပဏီတစ်ခုဟာ ဒုံးပျံအင်ဂျင်တစ်မျိုးကို စမ်းသပ်ခဲ့ပြီး ကြွယ်ဝတဲ့ဒေသအရင်းအမြစ်တစ်မျိုးဖြစ်တဲ့ နွားချေးကို အင်ဂျင်ရဲ့လောင်စာအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံ အာကာသ လုပ်ငန်းအတွက် မျက်နှာစာသစ် တစ်ခုကို ဖွင့်လှစ်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။