ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို ကြီးမှူး ကျင်းပ

(GMT+08:00)2023-12-08 16:31:37  

ဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ် စီးပွားရေး လုပ်ငန်းများကို လေ့လာ သုံးသပ် စီမံခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟို စည်းကမ်း ကြီးကြပ်ရေးကော်မရှင်နှင့် နိုင်ငံတော် ကြီးကြပ်ရေးကော်မရှင်တို့၏ လုပ်ငန်း အစီရင်ခံချက်ကို ကြားနာကာ ၂၀၂၄ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီဝင်များ လုပ်နည်းလုပ်ဟန်နှင့် သန့်စင်ရေးလုပ်ငန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို လေ့လာ စီမံခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ စည်းမျဉ်းစည်းကမ်းအရ အရေးယူမှု စည်းမျဉ်း များကိုလည်း စိစစ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။