ရှီကျင့်ဖိန်၏ အထူးသံတမန် ဝူဝေဟွာသည် အာဂျင်တီးနားသမ္မတသစ်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည်

(GMT+08:00)2023-12-08 15:51:57  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အာဂျင်တီးနားအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝူဝေဟွာသည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည့် အာဂျင်တီးနားသမ္မတသစ် Javier Milei ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် Buenos Aires သို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။