ထိုင်းနိုင်ငံ သင်္ကြန်ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်း

(GMT+08:00)2023-12-07 13:34:47  

ဒီဇင်ဘာလ ၆ရက်နေ့က ထိုင်းနိုင်ငံ သင်္ကြန်ပွဲတော်ကို ယူနက်စကိုမှ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့ပါသည်။

နှစ်စဉ် ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ အချိန်ကာလသည် ထိုင်းနိုင်ငံရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ဖြစ်ပြီး ထိုင်းလူမျိုးများသည် ဇာတိကို ပြန်ကြကာ ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ဆုံစည်း ပြီး ဆုမွန်ကောင်း တောင်းမှုများ ပြုလုပ်ရန် အရေးကြီးသော အချိန်ကာလ ဖြစ်ပါသည်။ ပွဲတော်ရက်တွင်  အချင်းချင်း ရေပက်ကြခြင်းသည် ကုန်လွန်ခဲ့သည့်နှစ်မှ ကံဆိုးမှု များကို ဖယ်ရှားကာ နှစ်သစ်တွင် ကံကောင်းစေရန် ဆုတောင်းကြပါသည်။