ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်ခဲ့ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို မကြာမီက ဘေကျင်းတွင် ကျင်းပခဲ့

(GMT+08:00)2023-12-07 13:30:30  

   ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်ခဲ့ခြင်း ၇၅ နှစ်ပြည့် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို ဘေကျင်း၌ ကျင်းပခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်ခဲ့ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့က ဘေကျင်း၌ ကျင်းပ ခဲ့ကြောင်း၊ နှီးနှောဖလှယ်ပွဲသို့ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပမှ နိုင်ငံများနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမှ အဆင့်မြင့်အရာရှိများနှင့် တရုတ်နိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံတမန်အရာရှိများ၊ ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဓိက မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ နှီးနှောဖလှယ်ပွဲတွင် ဘေကျင်းကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာ စာတမ်း သည် နိုင်ငံတကာ မိသားစုကြီး၏ သဘောတူညီချက်များကို သရုပ်ဖော်ပြထားကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။