ရှီကျင့်ဖိန်သည် Rajoelina အား မဒါဂတ်စကာ သမ္မတအဖြစ် ဆက်လက်အရွေးခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2023-12-07 13:32:45  

ဒီဇင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် Rajoelina အား မဒါဂတ်စကာ သမ္မတအဖြစ် ဆက်လက်အရွေးခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် မဒါဂတ်စကာတို့သည် ချစ်ကြည်ရေး အစဉ်အလာ ရှိကြောင်း၊ မိမိသည် တရုတ်-မဒါဂတ်စကာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားပြီး တရုတ်-မဒါဂတ်စကာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ပိုမိုတိုးတက်ကောင်းမွန်ပြီး နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရေးအတွက် သမ္မတ Rajoelina နှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။