နိုင်ငံတကာ Coordinate စည်းစနစ် မှနေ တရုတ်ပြည်စီးပွားရေးအကြောင်း နားလည်သိရှိ

(GMT+08:00)2023-12-07 13:29:51  

   မကြာမီက အမေရိကန် The Wall Street Journal သတင်းစာ ဝက်ဘ်ဆိုဒ်မှာ အနောက်နိုင်ငံမှ မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီများဟာ တရုတ်ပြည် လျှစ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီများရဲ့ မြန်နှုန်း မီနိုင်အောင် လေ့လာသင်ယူ နေခြင်း ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးသားထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ စွမ်းအင်သစ် မော်တော်ကား ရောင်းချမှုပမာဏဟာ ၈ နှစ် ဆက်တိုက် ကမ္ဘာ့ ပထမနေရာမှာ တည်ရှိ နိုင်ခဲ့တယ်။ အဲဒါဟာ တရုတ်ပြည် စီးပွားရေး ရှင်သန် ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ ရုပ်ပုံငယ် တစ်ခုပဲလို့ ဆိုနိုင်ပါတယ်။ လူတွေက နိုင်ငံတကာ Coordinate စည်းစနစ်ကနေ တရုတ်ပြည် စီးပွားရေးအကြောင်းကို ပိုမိုရှင်းလင်းစွာ နားလည်သိရှိနိုင်ပါတယ်။

   မကြာခင်က ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့တို့က ၂၀၂၃ ခုနှစ်မှာ တရုတ်ပြည် စီးပွားရေး တိုးတက်မှုဆိုင်ရာ ခန့် မှန်းချက်ကို ၅.၄ ရာခိုင်နှုန်းနဲ့ ၅.၂ ရာခိုင်နှုန်းအထိ အသီးသီး တိုးမြှင့် သတ်မှတ်ပေးခဲ့တယ်။ JPMorgan Chase ၊ morgan stanley၊ Citigroup စတဲ့ စီးပွားရေး အဖွဲ့အစည်းများကလည်း ယခုနှစ် တရုတ်ပြည် စီးပွားရေး တိုးတက်မှုဆိုင်ရာ ခန့်မှန်းချက်ကို ၅ ရာခိုင်နှုန်းကျော်သို့ တိုးမြှင့် သတ်မှတ်ထားခဲ့ကြတယ်။ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က ယခုနှစ် တရုတ်ပြည် စီးပွားရေးရဲ့ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအပေါ် အကျိုးပြုစွမ်းဆောင်မှုနှုန်းဟာ ၃၀ ရာခိုင်နှုန်းကျော် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်း အများစုဟာ တရုတ်ပြည် စီးပွားရေးအလားအလာအပေါ် တူညီသော အကဲဖြတ်ချက်ကို ပေးလိုက်ပါတယ်။

   ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ တရုတ်နိုင်ငံမှာ အသစ် တည်ထောင် ခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကုမ္ပဏီ ပမာဏဟာ ၄၁၉၄၇ ခု ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၃၂.၁ ရာခိုင်နှုန်း တိုးများလာတယ်။ ဒါ့အပြင် ဖွံ့ဖြိုးပြီး နိုင်ငံများရဲ့ တရုတ်နိုင်ငံမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း အမြောက်အမြား တိုးများ လာခဲ့တယ်။ ယခုနှစ် ပထမ ၁၀ လအတွင်း ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ နယ်သာလန်နိုင်ငံတို့ရဲ့ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ၁၁၀.၃ ရာခိုင်နှုန်း၊ ၉၄.၆ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း၊ ၆၆.၁ ရာခိုင်နှုန်းနဲ့ ၃၃ ရာခိုင်နှုန်း အသီးသီး တိုးများလာခဲ့ပါတယ်။

   ယနေ့ တရုတ်ပြည်ဟာ ကမ္ဘာ့စက်ရုံ ဖြစ်ရုံသာ မကတော့ပါဘူး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး စတဲ့နယ်ပယ်များမှာ တရုတ်နိုင်ငံက ဦးဆောင် ရှေ့ပြေးသူ ဖြစ်လာနေပြီး ကမ္ဘာ့စီးပွားရေးအတွက် တွန်းအားသစ်များကို ဆောင်ကြဉ်း ပေးလာနေတယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖော်ပြထားပါတယ်။