ဝမ်ယိသည် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် တွေ့ဆုံ

(GMT+08:00)2023-12-07 13:33:46  

        ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပူးတွဲ ဦးစီးကျင်းပရန် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသော ပြည်ထောင်စုမြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် တွေ့ဆုံခဲ့သည်။

        ထိုသို့ ဆွေ့ဆုံရာတွင် ဝမ်ယိက ယခုနှစ်သည် သမ္မတရှီကျင့်ဖိန် ၏ Belt and Road အဆိုပြုချက်၊ လူသားများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အတွေးအခေါ်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်း၊ သက်ညှာထောက်ထားခြင်း ဟူသော နိုင်ငံခြားရေးမူများကို တင်ပြခဲ့သည့် ၁၀ နှစ်မြောက် နှစ် ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အထက်ပါ အတွေးအခေါ်နှင့် သဘောတရားများကို အကောင်အထည် ဖော်ဆောင်ရန် အစဉ်တစိုက် ရှေ့တန်း မှ လျှောက်လှမ်း နေလျက်ရှိကြောင်း၊ ယခုနှစ်သည် အရေးကြီးသော နှစ်တစ်နှစ်ဖြစ်ပြီး တရုတ်ပြည်ဘက်အနေနှင့် လန်ချန်း-မဲခေါင် နိုင်ငံများနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကောင်းမွန်စွာ ကျင်းပကာ ဒေသတွင်း သာယာဝပြောရေးကို လက်တွဲ တွန်းအားပေးရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ဆွေးနွေးလိုပါ ကြောင်း ပြောကြားခဲ့ သည်။

        ဦးသန်းဆွေက ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် အလွန်အရေးကြီးကြောင်း၊ တရုတ်ပြည်ဘက်နှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ယင်းအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။