ယူကရိန်းအတွက် စစ်ရေးကူညီထောက်ပံ့မှု ဒေါ်လာ ၁၇၅ သန်းကို ပေးအပ်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

(GMT+08:00)2023-12-07 13:34:21  

ဒီဇင်ဘာလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေးပစ္စည်းများ၊ အမြောက်ကျည်များ၊ တင့်ကားဖျက်လက်နက်များ အပါအဝင် အမေရိကန် ဒေါ်လာ ၁၇၅ သန်းတန်ဖိုးရှိ စစ်ရေးကူညီထောက်ပံ့မှုကို ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်အရ နောက်ဆုံးပေးအပ်မှုသည် ယူကရိန်းကို ထောက်ပံ့ပေးထားပြီးဖြစ်သော ပစ္စည်းများ စုစုပေါင်းတန်ဖိုးကို ပြန်လည်အကဲဖြတ်ပြီးနောက် ဇွန်လတွင် သမ္မတ ခွင့်ပြုထားသည့် ဒေါ်လာ ၆.၂ ဘီလီယံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရပါသည်။