ရှီကျင့်ဖိန်သည် ဥရောပ ကောင်စီ ဥက္ကဋ္ဌ Charles Michel နှင့် ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ Ursula Von der Leyen တို့နှင့် တွေ့ဆုံ

(GMT+08:00)2023-12-07 14:29:11  

        ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၄ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကို ပြုလုပ်ရန် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဥရောပ ကောင်စီ ဥက္ကဋ္ဌ  Charles Michel နှင့် ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ Ursula Von der Leyen တို့နှင့် တွေ့ဆုံခဲ့သည်။

        ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ဥက္ကဋ္ဌ  Charles Michel နှင့်ဥက္ကဋ္ဌ Ursula Von der Leyen တို့  ၂၄ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကို ပြုလုပ်ရန် တရုတ်နိုင်ငံသို့ လာရောက် ခြင်းကို ကြိုဆိုကြောင်း၊ ယမန်နှစ် နှစ်ကုန်ပိုင်းကစပြီး ဥက္ကဋ္ဌ နှစ်ဦးတို့သည် တရုတ်နိုင်ငံသို့ ရှေ့ဆင့်နောက်ဆင့် လာရောက်ခဲ့ပြီး တရုတ်- ဥရောပ မဟာဗျူဟာ၊ စီးပွားကုန်သွယ်ရေး၊ မြစိမ်းရောင်နှင့် ဒစ်ဂျစ်တယ် စသည့် နယ်ပယ်များမှ အဆင့်မြင့် ဆွေးနွေးပွဲများတွင် အောင်မြင်မှု များစွာ ရရှိကာ  တရုတ်- ဥရောပ ဆက်ဆံရေးသည် ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကောင်း ပေါ်လွင်နေကြောင်း၊ ယင်းသည် နှစ်ဖက်စလုံး၏ အကျိုးစီးပွားနှင့် ပြည်သူများ၏ မျှော်လင့်ချက်နှင့် ကိုက်ညီကြောင်း၊ တရုတ်- ဥရောပသမဂ္ဂ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းကာကွယ်ပေးရန်အတွက် နှစ်ဖက်တို့သည် အတူတကွ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ သည်။