လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဖော်ဆောင်ခဲ့သည့် ၇ နှစ်အတွင်း နိုင်ငံအသီးသီးမှ ပြည်သူများအား ထိရောက်သော အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးလာသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-12-07 13:31:42  

      ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား ဖော်ဆောင်ခဲ့သည့် ၇ နှစ်အတွင်း လန်ချန်း-မဲခေါင် ၆ နိုင်ငံတို့သည် အပြန်အလှန် အကျိုးရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အတူ ဖော်ဆောင်ရေး ဖြစ်သည့် မူရင်းစိတ်အရ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းကို အတူတိုင်ပင် အတူ တည်ဆောက် အတူ မျှဝေကာ လက်တွေ့ကျသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကြီးမှူးကျင်းပမည့် အဋ္ဌမ အကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးကို မိမိတို့ လွန်စွာ အလေးထားပြီး ယခုအကြိမ် အစည်းအဝေးမှတစ်ဆင့် မြစ်ဝှမ်းတစ်လျှောက်မှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကြမည် ဖြစ်၍ ပြည်သူများ အချင်းချင်း ခင်မင်ရင်းနှီးသော၊ အိမ်နီးချင်းများ အပြန်အလှန် ကူညီကြသော၊ အတူ စည်ပင်သာယာသော လန်ချန်း-မဲခေါင် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။