အာရပ်နိုင်ငံအားလုံးသည် တရုတ်နိုင်ငံနှင့် "Belt and Road" ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-12-07 13:32:20  

ဒီဇင်ဘာလ ၆ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ သတင်းထောက်၏ သက်ဆိုင်ရာမေးခွန်းများကို ဖြေကြားရာတွင် ဝမ်ဝင်ပင်က တရုတ်နိုင်ငံနှင့် ဂျော်ဒန်နိုင်ငံတို့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ က “တရုတ်အစိုးရနှင့် ဂျော်ဒန်အစိုးရတို့ကြား ၂၁ ရာစု ပိုးလမ်းမစီးပွားရေး ခါးပတ် တည်ဆောက်ရေးနှင့် ၂၁ ရာစု ပင်လယ်ပြင်ပိုးလမ်းမတည်ဆောက်ရေး ပူးတွဲမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ"ကို လက် မှတ် ရေးထိုးခဲ့ပြီး  ယခုအချိန်အထိ တရုတ်နိုင်ငံသည် အာရပ်နိုင်ငံ ၂၂ နိုင်ငံစလုံးနှင့် အာရပ် နိုင်ငံများ အဖွဲ့ချုပ်တို့နှင့် “Belt and Road” ပူးပေါင်းတည်ဆောက်ရေးဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ် ရေးထိုးပြီး ဖြစ်ကြောင်း ပြောကြားပါသည်။

ဝမ်ဝင်ပင်က ယခုနှစ်သည် Belt and Road အဆိုပြုသည့် ၁၀ နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊၂၀၂၂ ခုနှစ်တွင် တရုတ်နှင့်အာရပ်နိုင်ငံများအကြား ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၄၃၀ ဘီလီယံ ကျော်လွန်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ကထက် ၁ ဆ တိုးလာကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်နှင့် အာရပ်နိုင်ငံများ အချင်းချင်း ရင်းနှီးမြှုပ်နှံမှုသည် အဆမတန် တိုးမြင့်လာခဲ့ပြီး နှစ်ဖက်တို့က Belt and Road မူဘောင်အောက်တွင် အကြီးစားပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ၂၀၀ ကျော်ကို ဖော်ဆောင်ခဲ့ကာ နှစ်ဖက် မှ လူ ပေါင်း ၂ ဘီလီယံနီးပါးကို အကျိုးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။