ပထမအကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ယဉ်ကျေးမှုလနှင့် ၁၀ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) အော်ပရာသီတင်းပတ်တို့ကို နန်နင်းမြို့တွင် စတင်ကျင်းပ

(GMT+08:00)2023-12-06 16:15:29  

    ဒီဇင်ဘာလ ၅ရက်နေ့ ညက ပထမအကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ယဉ်ကျေးမှုလနှင့် ၁၀ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) အော်ပရာသီတင်းပတ်တို့ကို တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တွင် စတင်ကျင်းပ ခဲ့ပါသည်။ ၁၀ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) အော်ပရာသီတင်းပတ်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ပထမအကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ယဉ်ကျေးမှုလကို ၂၀၂၄ခုနှစ် ဇန်နဝါရီလကုန်အထိ ကျင်းပမည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။