ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက ကတိပြုထားသည့်အတိုင်း လက်တွေ့ကျ ဆောင်ရွက်နေ

(GMT+08:00)2023-12-06 16:11:56  

   ယခု ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု မူဘောင် သဘောတူစာချုပ် ၂၈ ကြိမ်မြောက် စာချုပ်ဝင်နိုင်ငံများ အစည်းအဝေး (COP28) ကို ဒူဘိုင်း၌ ကျင်းပနေပါသည်။ အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ အကျိုးပြုစွမ်းဆောင်မှုသည် ဘက်အသီးသီးမှ အာရုံစိုက်မှု ရရှိခဲ့ပါသည်။

   ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံသည် ပါရီ သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် အာဏာ ဖြစ်တည်ခြင်းအတွက် သော့ချက် ကျသည့် တွန်းအားပေး စွမ်းဆောင်မှု ပြုလုပ်ပေးခဲ့ပြီး ရေရှည် ရည်မှန်းချက် အကောင်အထည် ဖော်ဆောင်ရန်အတွက်လည်း အစဉ်တစိုက် ကြိုးပမ်းနေပါသည်။ တရုတ်နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကို နိုင်ငံတော် မဟာဗျူဟာအဖြစ် ထားနေပြီ ဖြစ်ပြီး အစဉ်တစိုက် အသုံးပြုနိုင်သည့်စွမ်းအင်လုပ်ငန်း တိုးမြှင့်၍ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အထွတ်အထိပ် ရောက်ရှိခြင်း၊ ကာဗွန်ဓာတ်ပြယ်ခြင်း ရည်မှန်းချက်နှင့် “1+N” မူဝါဒဆိုင်ရာ စည်းစနစ်ကို တည်ထောင်ပြီ ဖြစ်သည်။ တရုတ်နိုင်ငံသည် ကုန်ထုတ်လုပ်မှု၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို တိုးမြှင့် ဆောင်ရွက်ပြီး တစ်ကမ္ဘာလုံးတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဖုံးလွှမ်းထားခြင်း အတိုင်းအတာ အကြီးမားဆုံးသော ကာဗွန်ဈေးကွက်များကိုလည်း တည်ဆောက် ထားပါသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု ပမာဏသည် ၂၀၀၅ ခုနှစ်ကထက် ၅၁ ရာခိုင်နှုန်း လျော့နည်းလာပြီး ကျောက်ဖြစ်ရုပ်ကြွင်းစွမ်းအင် မဟုတ်သော စွမ်းအင် အသုံးပြုမှုနှုန်းသည် ၁၇.၅ ရာခိုင်နှုန်း အထိ တိုးများလာခဲ့ပါသည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံသည် နှစ်စဉ် ပျမ်းမျှ စွမ်းအင် အသုံးပြုမှု ၃ ရာခိုင်နှုန်း တိုးတက်မှုနှုန်းဖြင့် စီးပွားရေး တိုးတက်မှု ၆.၂ ရာခိုင်နှုန်း ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

   တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု စီမံခန့်ခွဲရေးကို တက်ကြွစွာ တွန်းအားပေးပြီး တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအား ထောက်ပံ့ကူညီမှုများကို ပံ့ပိုးပေးခဲ့ပါသည်။

  တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု စီမံခန့်ခွဲရေးတွင် ကတိပြုခြင်းသာ လိုအပ်သည် မဟုတ်ဘဲ လက်တွေ့ကျ ဆောင်ရွက်မှုများ လိုအပ်ပါသည်။ ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် မည်သည့်နိုင်ငံမဆို ကိုယ်နှင့်မသက်ဆိုင်သလို ဂရုမစိုက် အရေးမထားလို့ မရပေ။ ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ကတိပြုထားသည့်အတိုင်း လက်တွေ့ကျ ဆောင်ရွက်နေသည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။