ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၆၃၉ ဦးအထိ မြင့်တက်

(GMT+08:00)2023-12-06 16:12:34  

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီအထိ ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၅ ဦးသေဆုံးခဲ့သည်။ ယခုလ ၅ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုကြောင့် အနည်းဆုံး လူ ၁၆၃၉ ဦး သေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။