အမေရိကန်၏ ကူညီထောက်ပံ့မှုများ နှောင့်နှေးရင် ယူကရိန်းက ရှုံးသွားရန် အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ယူကရိန်း သမ္မတရုံးဥက္ကဋ္ဌဆို

(GMT+08:00)2023-12-06 16:14:30  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယူကရိန်း Independent Information Agency မှ ဖော်ပြချက်အရ အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသည့် ယူကရိန်းသမ္မတရုံး ဥက္ကဋ္ဌ ယဲမားခ် က အကယ်၍ ယူကရိန်းအပေါ် အမေရိကန်၏ အကူအညီများ နှောင့်နှေးပါက ယူကရိန်းစစ်တပ်သည် ရှိရင်းစွဲနေရာများကိုသာ ရပ်တည်နိုင်မည်ဖြစ်ပြီး တိုက်ခိုက်ရေးကနေ ကာကွယ်ရေးသို့  အသွင်ပြောင်း ရတော့မည် ဖြစ်ကာ ယူကရိန်း သည် ရုရှား- ယူကရိန်း ပဋိပက္ခတွင် ရှုံးသွားရန် အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရပါသည်။အမေရိကန်၏တိုက်ရိုက်ထောက်ပံ့မှုမရှိလျှင် ယူကရိန်းသည် ပြင်းထန်သောဘဏ္ဍာရေးဆိုင်ရာအန္တရာယ်များနှင့်လည်းရင်ဆိုင်ရမည်ဖြစ်ပြီး ၂၀၂၄ခုနှစ်တွင် ယူကရိန်းအစိုးရ၏ဘဏ္ဍာရေးလိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံအထိရောက်ရှိ မည်ဖြစ်ကြောင်းလည်း ယဲမားခ် က ပြောကြားခဲ့ပါသည်။