ဝမ်ယိသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2023-12-06 16:16:02  

  ဒီဇင်ဘာလ ၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ကမ်းလှမ်းချက်အရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

  ဘလင်ကန်သည် ဝမ်ယိက တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးသို့ သွားရောက်ပြီး ကွယ်လွန်သူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကစ်ဆင်ဂျာအား ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 

  ဝမ်ယိက ဒေါက်တာ ကစ်ဆင်ဂျာသည် တရုတ်နှင့် အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံ အနေနှင့် အပြန်အလှန် လေးစားပြီး ပူးတွဲ တိုးတက်ကာ ဖော်ဆောင်သင့်သော နိုင်ငံတကာ တာဝန်ဝတ္တရားများကို ဖော်ဆောင်သင့်သည်ဟု တစ်လျှောက်လုံး တိုက်တွန်းခဲ့ကြောင်း၊ ထိုင်ဝမ်ရေးရာသည် တရုတ်နိုင်ငံအတွက် အရေးကြီးခြင်းကို အမေရိကန်က ပြည့်ပြည့်ဝဝ နားလည်ပေးရမည်ဟုလည်း ဒေါက်တာ ကစ်ဆင်ဂျာက အကြိမ်ကြိမ် ဖော်ပြခဲ့ကြောင်း၊ ဒေါက်တာ ကစ်ဆင်ဂျာ ချန်ထားခဲ့သည့် သံတမန်ရေး အမွေအနှစ်များကို နောင်လာနောက်သားများက ထွန်းကား တိုးတက်လာအောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

    ဝမ်ယိသည် ထိုင်ဝမ်ရေးရာအပေါ် တရုတ်ပြည်ဘက်၏ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ထပ်လောင်း ဖော်ပြခဲ့ပြီး အမေရိကန် အနေနှင့် တရုတ်ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုရန်၊ ထိုင်ဝမ် သီးခြားတည်ရှိရေးအင်အား တစ်စုံတစ်ခုကို အားပေး ထောက်ခံခြင်း မပြုရန် တောင်းဆိုခဲ့ပါသည်။

   ဘလင်ကန်သည် မကြာမီက အရှေ့အလယ်ပိုင်း ခရီးစဉ် အခြေအနေနှင့် ယင်းအပေါ် အမေရိကန်ဘက်၏ အမြင်သဘောထားများကို ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်းကို ဖော်ဆောင်သင့်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။