ဝမ်ယိသည် ဗြိတိန်နိုင်ငံခြားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးCameronနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2023-12-06 16:14:01  

ဒီဇင်ဘာလ ၅ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Cameronနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ဝမ်ယိက တရုတ်-ဗြိတိန်တို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း ကောင်စီဝင်နိုင်ငံများအနေနှင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် အရေးကြီးသော တာဝန်ဝတ္တရားရှိကြောင်း၊ တရုတ်-ဗြိတိန်ဆက်ဆံရေး ပုံမှန်တည်ငြိမ်စွာ တိုးတက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံနှင့် ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်စည်ပင်သာယာရေးကို တွန်းအားပေးရန်အတွက်လည်း မဟာဗျူဟာမြောက်၊ ကမ္ဘာလုံးဆိုင်ရာအဓိပ္ပါယ်ရှိကြောင်း၊ တရုတ်နှင့်ဗြိတိန်တို့သည် ဖွံ့ဖြိုးရေး အခွင့်အလမ်း အပြန်အလှန်ဖြစ်ကြောင်း၊ ဗြိတိန်အနေနှင့် တရုတ်နိုင်ငံအပေါ် မှန်ကန်စွာ သိရှိနားလည်ပြီး တရုတ်-ဗြိတိန်ဆက်ဆံရေး တိုးတက်မှု၏ဦးတည်ချက်ကို ကောင်းမွန်စွာဆုပ်ကိုင်ထား နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Cameronက လက်ရှိကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ ကမ္ဘာ့စိန်ခေါ်မှုများကို တစ်နိုင်ငံ တည်း ရင်ဆိုင်နိုင်စွမ်းမရှိကြောင်း၊ ဗြိတိန်-တရုတ် ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်ဖက်အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ဗြိတိန်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးပြီး တရုတ်နှင့် ကူးလူးဆက်ဆံမှုကို ထိန်းထားလိုကြောင်း၊ ဗြိတိန်သည် တရုတ်ပြည်ဖက်၏ ဘက်ပေါင်းစုံဝါဒထောက်ခံခြင်းကို ချီးကျူးပြီး နိုင်ငံတကာနှင့်ဒေသတွင်း ရေးရာများအပေါ် တရုတ်နိုင်ငံက ပိုမိုကြီးမားသော အခန်းမှ ပါဝင်ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည် ဟု China Media Groupမှ သတင်းအရ သိရပါသည်။