ထိုင်းနိုင်ငံသည် စီးပွားရေး တိုးမြှင့်ဖို့ သင်္ကြန်ပွဲတော် အချိန်ကာလ တိုးရန် စီစဉ်

(GMT+08:00)2023-12-05 13:09:11  

   ထိုင်းနိုင်ငံသည် နှစ်စဉ် ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သင်္ကြန်ပွဲတော်ကို ကျင်းပလေ့ရှိသည်။ ထိုင်းမီဒီယာ Thaiger မှသတင်းအရ ထိုင်းနိုင်ငံ Soft Power မဟာဗျူဟာ ကော်မတီသည် လာမည့်နှစ် သင်္ကြန်ပွဲတော်ကို တစ်လ အဖြစ် အချိန်ကာလ တိုးပေးရန် စီစဉ်ထားပြီး ဧပြီလ တစ်လလုံးတွင် တစ်ပြည်လုံး၌ ပွဲတော် အခမ်းအနားများကို ပြုလုပ်မည် ဖြစ်ပါသည်။ ယင်းကော်မတီမှ ခန့်မှန်းချက်အရ သင်္ကြန်ပွဲတော် အချိန် တိုးပေး ပြီးနောက် ထိုင်းနိုင်ငံ၏ စီးပွားရေးဝင်ငွေ ဘတ်ငွေ ၃၅ ဘီလီယံ ရရှိနိုင်မည်ဟုမျှော်မှန်းကြောင်း China Media Group မှ သတင်းအရ သိရပါသည်။