ဖမ်းဆီးခံထားရသော ထိုင်းလူမျိုးများ နေရပ်ပြန်

(GMT+08:00)2023-12-05 13:08:17  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၄ ရက်နေ့က ဟားမတ်စ်အဖွဲ့မှ လွတ်မြောက်လာသည့် ထိုင်းဓားစာခံ Owat Suriyasri သည် Suvarnabhumi အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ၎င်း၏ဇနီး Kanyarat Suriyasri ကို ပွေ့ဖက်ခဲ့သည်။ ဟားမတ်စ်အဖွဲ့သည် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်ရာမှာ ပြန်ပေးဆွဲခဲ့သော ထိုင်းဓားစာခံ ၂၃ ဦးကို လက်ရှိအချိန်တွင် ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။ ဂါဇာဒေသတွင် ထိုင်းဓားစာခံကိုးဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါသည်။ အစ္စရေး၌ အလုပ်လုပ်ကိုင်နေကြသော ထိုင်းနိုင်ငံသား ၃၀၀၀၀ ခန့်ရှိပြီး တိုက်ခိုက်မှုများကြောင့် ၈၀၀၀ ကျော် နေရပ်သို့ ပြန်သွားကြပြီဖြစ်သည်။