ချုံချင့်နှင့် ရှမ်ရှီးကို တိုက်ရိုက်ချိတ်ဆက်သော ပထမဆုံး အမြန်လမ်း ဖွင့်လှစ်

(GMT+08:00)2023-12-05 13:15:02  

စက်တင်ဘာလ ၄ရက်နေ့တွင် ချုံချင့်မြို့ ဝူးရှီးမှ ရှမ်ရှီးပြည်နယ် ကျန့်ဖိန်အထိ အမြန်လမ်းကို တရားဝင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းသည် ချုံချင့်နှင့် ရှမ်ရှီးကို တိုက်ရိုက်ချိတ်ဆက်သော ပထမဆုံး အမြန်လမ်းဖြစ်ပါသည်။ယင်းလမ်း၏ စုစုပေါင်းအရှည် ၄၈.၇ ကီလိုမီတာခန့်ရှိပြီး တစ်နာရီလျှင် ၈၀ ကီလိုမီတာ အမြန်နှုန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ လမ်းတစ်လျှောက်တွင် တံတား ၂၀၊ ဥမင်လိုဏ်ခေါင်း ၁၁ ခု၊ မိုးပျံတံတား ၃ ခု၊ လမ်းတံတားကောက်ခံကြေးဂိတ် ၃ ခုနှင့် ဝန်ဆောင်မှုဇုန် ၁ ခု ရှိပါသည်။