ဂျာမနီတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းခဲ့ပြီး မြူးနစ်လေဆိပ်မှ လေယာဉ်တစ်စင်းသည် ပြေးလမ်းပေါ်တွင် အေးခဲသွားခဲ့တာကို တွေ့ရ

(GMT+08:00)2023-12-05 11:04:17  

    ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂ ရက်နေ့က ဂျာမနီတောင်ပိုင်း၌ ဆီးနှင်းများ ထူထပ်စွာ ကျဆင်းခဲ့သောကြောင့် မြူးနစ်နှင့် အခြားနေရာများတွင် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်သွားခဲ့ပါသည်။ လေဆိပ်များတွင် အဝင်၊အထွက်နှင့် လေကြောင်း ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရပြီး ရထားကုမ္ပဏီများမှလည်း ခရီးဝေးရထားများကို ဆိုင်းငံ့ထားကာ ခရီးသည်ထောင်ပေါင်းများစွာ သောင်တင်နေခဲ့ပါသည်။ မြူးနစ်လေဆိပ်မှ လေယာဉ်တစ်စင်းသည် ပြေးလမ်းပေါ်တွင် အေးခဲသွားခဲ့တာကို တွေ့ရပါသည်။