တရုတ်နိုင်ငံသည် အီဂျစ်ကို ထောက်ပံ့ပေးသော အမှတ်-၂ ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2023-12-05 13:11:04  

ဒီဇင်ဘာလ ၄ရက်နေ့ ၁၂နာရီ ၁၀မိနစ်က တရုတ်နိုင်ငံသည် ကျူချွမ် ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ လောင်းမတ်ချ်-2C သယ်ဆောင်ဒုံးပျံဖြင့် အီဂျစ်ကို ထောက်ပံ့ပေးသော အမှတ်-၂ ဂြိုဟ်တုကို လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုဟ်တုသည် ကြိုတင် သတ်မှတ်ထားသောပတ်လမ်းသို့ ချောမွေ့စွာ ဝင်ရောက်ပြီး လွှတ်တင်ရေးတာဝန် အောင်မြင်ခဲ့ကြောင်း၊ ယခုအကြိမ်တာဝန်တွင် Starpool 02-Aနှင့် Starpool 02-B ဂြိုဟ်တု နှစ်လုံးကိုလည်း သယ်ဆောင်ပြီး လွှတ်တင်ခဲ့ကြောင်း သိရပါသည်။

အီဂျစ်ကို ထောက်ပံ့ပေးသော အမှတ်-၂ ဂြိုဟ်တုသည် အီဂျစ်နိုင်ငံ နယ်မြေစုံစမ်းစစ်ဆေးရေး၊ လယ်ယာ၊ သစ်တော၊ မြို့ပြတည်ဆောက်ရေး၊ ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ် ကြပ်မတ်ရေး စသည်များတွင် အဓိကသုံးစွဲခြင်းဖြစ်ကြောင်း၊ တစ်ခါတည်းသယ်ဆောင်လွှတ်တင်ခဲ့သော ဂြိုဟ်တုနှစ်လုံးသည် အဝေးထိန်းဝန်ဆောင်မှု အတွက် ဖြစ် ကြောင်း သတင်းရရှိပါသည်။ 

ယခုအကြိမ်တာဝန်သည် လောင်းမတ်ချ်စီးရီး သယ်ဆောင်ဒုံးပျံ၏ ၄၉၉ကြိမ်မြောက် ပျံသန်းမှုဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။