ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အာဏာသက်ရောက်မှုနှင့် ဂုဏ်သိက္ခာကို ပြတ်ပြတ်သားသား ကာကွယ် ထိန်းသိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြီးပြည့်စုံကောင်းမွန်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ကို တွန်းအားပေးရမည်ဟု ရှီကျင့်ဖိန် မှာကြား

(GMT+08:00)2023-12-05 11:10:53  

    ဒသမအကြိမ်မြောက် တရုတ်အမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေနေ့ ကျရောက်လာ သည့်အခါသမယတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်ကို စီမံခန့်ခွဲပြီး နိုင်ငံတော် တည်ငြိမ်စေသော အထွေထွေစည်းမျဉ်းဥပဒေ ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီမှ နိုင်ငံတော်ကို စီမံခန့်ခွဲရန် အခြေခံဥပဒေ ဖြစ်ကာ နိုင်ငံတော်၏နိုင်ငံရေးနှင့် လူမှုရေးတွင် အမြင့်ဆုံးသော ဥပဒေသတ်မှတ်ချက် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ 

    သမ္မတ ရှီကျင့်ဖိန် က ခရီးစဉ်အသစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အာဏာသက်ရောက်မှုနှင့် ဂုဏ်သိက္ခာကို ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြီးပြည့်စုံကောင်းမွန်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တွန်းအားပေးကာ နိုင်ငံတော် စီမံခန့်ခွဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပါဝင်သော အရေးကြီးသော အခန်းကဏ္ဍကို ပိုမိုကောင်းမွန်စွာ ထွန်းကားစေရကြောင်း၊ တရုတ်ပုံစံခေတ်မီရေးဖြင့် အင်အားတောင့်တင်း သောနိုင်ငံတော် တည်ဆောက်ရေး၊ အမျိုးသားရှင်သန်ရေး လုပ်ငန်းကြီး အတွက် ခိုင်မာသော အာမခံပေးရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သီအိုရီ သုတေသနပြုမှုနှင့် အသိပညာပေးမှုတို့ကို အားသစ်လောင်းပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစိတ်ဓာတ်၊ ဆိုရှယ်လစ်တရားဥပဒေစိုးမိုးရေးစိတ်ဓာတ်တို့ကို လူ့အဖွဲ့အစည်းတွင် ထွန်းကားစေ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးခြင်းသည် ပြည်သူတစ်ရပ်လုံး၏ အသိစိတ်ရှိရှိဆောင်ရွက်မှု ဖြစ်လာစေရန် တွန်းအားပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။