အန်ဂိုလာနိုင်ငံခြားရေးဝန်ကြီးနှင့် မာလီနိုင်ငံခြားရေးဝန်ကြီးတို့သည် တရုတ်ပြည်သို့ လာရောက်ခရီးလှည့်လည်မည်

(GMT+08:00)2023-12-05 13:10:00  

ဒီဇင်ဘာလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ဖိတ်ကြားချက်အရ အန်ဂိုလာနိုင်ငံခြားရေးဝန်ကြီး Tete Antonio က  ဒီဇင်ဘာလ ၅ရက်နေ့မှ ၈ရက်နေ့အထိ၊ မာလီနိုင်ငံခြားရေးဝန်ကြီး Abdoulaye Diop က ဒီဇင်ဘာလ ၆ရက်နေ့မှ ၁၀ရက်နေ့အထိ တရုတ်ပြည်သို့ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု  ဆင်ဟွာသတင်းအရ သိရပါသည်။