တရုတ်ဒုတိယဝန်ကြီးချုပ် တင်ရွှေရှန် သည် စင်ကာပူဒုတိယဝန်ကြီးချုပ် Lawrence Wong နှင့်အတူ တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်ရေးယန္တရား အစည်းအဝေးများကို ပူးတွဲကြီးမှူးကျင်းပမည်

(GMT+08:00)2023-12-05 11:11:31  

   ဒီဇင်ဘာလ ၄ရက်နေ့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်ရွှေရှန်၏ ဖိတ်ကြားချက်အရ စင်ကာပူဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Lawrence Wong သည် ဒီဇင်ဘာလ ၅ရက်နေ့မှ ၈ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးချုပ် တင်ရွှေရှန်နှင့် ဒုတိယဝန်ကြီးချုပ် Lawrence Wong တို့သည် တရုတ်-စင်ကာပူ ပူးပေါင်း ဆောင်ရွက်ရေးပူးတွဲကော်မတီ ၁၉ကြိမ်မြောက်အစည်းအဝေး၊ တရုတ်-စင်ကာပူ ဆူကျိုးမြို့ စက်မှုလုပ်ငန်းဇုန် ပူးတွဲညှိနှိုင်းရေးကောင်စီ ၂၄ကြိမ်မြောက်အစည်းအဝေး၊ တရုတ်- စင်ကာပူ ထျန်ကျင်းဂေဟမြို့ ပူးတွဲညှိနှိုင်းရေးကောင်စီ ၁၅ကြိမ်မြောက်အစည်းအဝေးနှင့် တရုတ်-စင်ကာပူ(ချုံကင်း) မဟာဗျူဟာမြောက်အပြန်အလှန်ဆက်သွယ်ရေး စံပြစီမံကိန်း များ ပူးတွဲညှိနှိုင်းရေးကောင်စီ ၇ကြိမ်မြောက်အစည်းအဝေးတို့ကို ထျန်ကျင်းမြို့မှာ ပူးတွဲကြီးမှူးကျင်းပမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါသည်။