ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုသည် အိုင်အက်စ် အဖွဲ့၏လုပ်ရပ်ဖြစ်ကြောင်း အိုင်အက်စ် ပြောကြား

(GMT+08:00)2023-12-04 16:38:49  

အစွန်းရောက်အဖွဲ့အစည်းဖြစ်သည့် အိုင်အက်စ် သည် ဒီဇင်ဘာလ ၃ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ Mindanao အစိုးရတက္ကသိုလ်တွင် ဖြစ်ပွားခဲ့ သည့် ဗုံးပေါက်ကွဲမှုသည်  သူတို့၏လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့ Mindanao အစိုးရတက္ကသိုလ် အားကစားရုံတွင် ဒီဇင်ဘာလ ၃ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦးသေဆုံးပြီး  အယောက် ၅၀ ဒဏ်ရာရရှိခဲ့သည်ဟု ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ နောက်ဆုံးထုတ်သတင်းအရ သိရပါသည်။