အမေရိကန် စစ်သင်္ဘောသည် တရုတ်အစိုးရ၏ ခွင့်ပြုချက် မရဘဲ တရုတ်နိုင်ငံ နန်ဆားကျွန်းစု ဇင်အိုင် သန္တာကျောက်တန်း အနီးပင်လယ်ဒေသသို့ ဝင်ရောက်၊ တရုတ် တပ်ဖွဲ့သည် လမ်းတစ်လျှောက် လိုက်လံ ကြပ်မတ်

(GMT+08:00)2023-12-04 16:37:49  

တရုတ် တောင်ပိုင်းစစ်နယ် ပြောရေးဆိုခွင့်ရှိသူ လေတပ် စီနီယာ ဗိုလ်မှူးကြီး ထျန်ကျွင်လီက ဒီဇင်ဘာလ ၄ ရက်နေ့တွင် အမေရိကန် Giffords ပင်လယ် စစ်သင်္ဘောသည် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ တရုတ်နိုင်ငံ နန်ဆားကျွန်းစု ဇင်အိုင် သန္တာကျောက်တန်း အနီးပင်လယ်ဒေသသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း၊ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်နယ်သည် စစ်အင်အားများကို စုစည်းပြီး လမ်းတစ်လျှောက်လုံး လိုက်လံ ကြပ်မတ်ခဲ့ကြောင်း၊ အမေရိကန်သည် တောင်ပင်လယ် အခြေအနေ ရှုပ်ထွေးလာအောင် တမင် အနှောင့်အယှက်ပြုခဲ့ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ပြင်းထန်စွာ ကျူးကျော်ကာ ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်ရေး၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံမှု အခြေခံ မူများကို ပြင်းထန်စွာ ဖောက်ဖျက်၍ အမေရိကန်သည် တောင်ပင်လယ် ငြိမ်းချမ်း တည်ငြိမ်မှု၏ အကြီးဆုံး ခြိမ်းခြောက်မှုဖြစ်သည်ကို ပြသခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တောင်ပင်လယ်ကျွန်းများနှင့် အနီးတစ်ဝိုက်ပင်လယ်ဒေသ အပေါ် မငြင်းသာသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိပြီး စစ်မြေမှ တပ်ဖွဲ့များသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် တောင်ပင်လယ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ကာကွယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။