အင်ဒိုနီးရှားနိုင်ငံရှိ မာလာပီမီးတောင်ပေါက်ကွဲပြီး ပြာမှုန်များ မီတာ ၃၀၀၀ ခန့်ထိလွှင့်စင်

(GMT+08:00)2023-12-04 16:35:43  

 ဒေသစံတော်ချိန် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၂ နာရီ ၄၅မိနစ်ခန့်တွင် အင်ဒိုနီးရှားနိုင်ငံ အနောက် ဆူမာတြားပြည်နယ်ရှိ မာလာပီ မီးတောင် ပေါက်ကွဲပြီး ပြာမှုန်များ မီတာ ၃၀၀၀ ခန့် အမြင့်ထိ လွှင့်စင်ကာ ၄ မိနစ် ၄၁ စက္ကန့်ခန့် ကြာမြင့်ကြောင်း အင်ဒိုနီးရှား မာလာပီမီးတောင် လေ့လာသူ၏ သတင်းအရ သိရပါသည်။ လက်ရှိတွင် မာလာပီမီးတောင်သည် သတိပေးချက်အဆင့် ၂ တွင်ရှိနေပြီး မီးတောင်တစ်ဝိုက် ၃ ကီလိုမီတာ အကွာအဝေးအတွင်း သွားလာမှုမပြုလုပ်ရန် ဒေသန္တရ အစိုးရက တားမြစ်ထားပါသည်။