၂၄ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကို ဘေကျင်းမြို့၌ ကျင်းပမည်

(GMT+08:00)2023-12-04 16:21:00  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ တို့ သဘောတူညီချက်အရ ၂၄ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဘေကျင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဥရောပကောင်စီဥက္ကဋ္ဌ Michel နှင့် ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ von der Leyen တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် Michel ၊ von der Leyen တို့နှင့် အစည်းအဝေးကို ပူးတွဲဦးစီးကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။