ကဏန်းမွေးမြူသူများသည် ကဏန်းအရောင်းရဆုံးရာသီ ရောက်ရှိလာ၍ ဈေးကွက်အတွက် ကဏန်းဖမ်းကြ

(GMT+08:00)2023-12-04 16:34:01  

ကျန်းစူးပြည်နယ် Sihong ခရိုင် သည် Hongze ရေကန် ၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး  "တရုတ်ပြည် ကဏန်းများ၏ မွေးရပ်မြေ" ဟု လူသိများကာ တရုတ်ဧက ၁သိန်း၄သောင်းဖြင့် ကဏန်းများကို မွေးမြူထားသည်။ အရည်အသွေးမြင့် ကဏန်းများသည် ပြည်တွင်းဈေးကွက်တွင် ရောင်းအားကောင်းပြီး တောင်ကိုရီးယားနှင့် ဂျပန်စသည့် နိုင်ငံအများအပြားသို့လည်း တင်ပို့ရောင်းချနေသည်။ ဆောင်းရာသီအစမှစတင်၍ ကဏန်းရောင်းအားများသောရာသီ ရောက်ရှိလာကာ ဒေသခံများသည် ဈေးကွက်ရရှိရန် ကဏန်းဖမ်းခြင်းများဖြင့် အလုပ်များနေပါသည်။